နာဖျားနေသောလူငယ်များ

သမရိုးမကျတွေနဲ့ စိတ်ကိုထိန်း..စိတ်ကိုထိန်း…

ဒါတကယ်သေးသေးလေးပါနဲ့..နည်းနည်းလျှော့နဲ့..

အနားယူနေဟန် ရုပ်တုထုလိုက်ဦး..

ဦးနှောက် ဗဟိုချက်တွေ၊ ဗဟိုချက်တွေထဲ ပြန်ရှာစမ်း…

စိတ်ကူးယဉ်မှုမှာ နက်ရှိုင်းတဲ့ ခံစားချက်တွေကို

နားလည်မှုပေးနိုင်စွမ်းတဲ့ အတွေ့အကြုံရှိရဲ့လားဆိုတာ..

အဲ့ဒီတုန်းက…

ခါးသီးတဲ့အဖြစ်၊ ခက်ခဲတဲ့အချိန်တွေ…

ရေကြည်မြက်နုရှာလေတဲ့ တစ္ဆေတွေမှာ

ရွှေအိုရောင်အတုအယောင်များဆီသို့ရွှေ့၊

ဆန္ဒနဲ့ ရည်မှန်းချက်အကြားက စည်းချက်မျှခြေ

ခံစားမှုအကြင်နာတရားဆိုတာတွေနဲ့ အနာဂတ်ထဲနေခဲ့ကြတယ်…

ရင့်သီးတဲ့ နာကျည်းမှုတွေကို ကြံ့ကြံ့ခံအံတု။

စိတ်မလှုပ်ရှားဘူး။ စိတ်ကူးမယဉ်ဘူး။

ဆူဆူညံညံရော၊ တိတ်တိတ်ငြိမ်ငြိမ်ပါ စိတ်အရှုပ်ကြီးရှုပ်ခဲ့ဖူးလေပေမယ့်

နှုးညံ့နက်ရှိုင်းကြာရှည်ခံတတ်တဲ့အလွမ်းတွေဆိုတာ

ငါတို့ရင်ခွင်ရဲ့ လေဟာနယ်မှာပဲနေတယ်။

ရှေးရိုးဆန် အဟောင်းအမြင်းအဆွေးတွေ

သက်သေပြချက်အသစ်တွေနဲ့စိန်ခေါ်မယ်။

သဘာဝစရိုက်လက္ခဏာမှော်နှင်တံတွေနဲ့

တစ်ဖက်သတ်ဆန်ဆန်များကို နှိမ်နင်းမယ်။

…………….မယ်။

……………မယ်။

ဘယ်လိုပဲကြွေးကျော်၊ ကြွေးကျော်…

နောက်ဆုံးတော့လည်း

လူငယ်တွေဟာ သူတို့ကို ၀န်းရံထားလေတဲ့

ကမ္ဘာမြေကြီးကြောင့်ပဲ နာဖျားနေလေရဲ့…..။          ။



ဂျွန်ထံမပို့ဖြစ်သောစာ (၁)

ဂျွန်ရေ …

မင်းကို ငါကိုယ်တိုင် မောင်းထုတ်ပစ်ခဲ့ပြီးမှ ငါကပဲ ပြန်သတိရ၊ ပြန်လွမ်းနေမိတယ်ဆိုတာ မင်းများသိရင် ငါ့ကို ရီမလားပဲ။ ငါဘယ်ရောက်နေသလဲလို့တော့ မမေးနဲ့။ အရင်လိုပဲ။ ၀ါးလုံးခေါင်းသေးသေးထဲမှာလမင်းကို ထိုင်ငေးကြည့်နေတုန်း။ မရွေ့တဲ့လူဟာ သေနေတဲ့လူပဲဆိုချင်ဆို။ ရွေ့မှမရွေ့တာ။ ဘယ်ဆီရောက်ရမတုန်း။ ငါဒီမှာပဲ ရပ်နေဆဲပါ ဂျွန်။ ငါအိပ်ကောင်းနေတုန်း ကမ္ဘာကြီးလုံးလိုက်၊ ပြားလိုက်ဖြစ်သွားတာ ငါမသိလိုက်ဘူး။ ငါအိပ်ကောင်းနေတုန်း ဂိမ်းတွေ၊ ကေသြတွေ ငြင်းခုန်ဆွေးနွေးကြတာ ငါ မသိလိုက်ဘူး။ အရက်တွေကပဲ ပိုချိုချိုလာတာလား။ ငါ့သွေးထဲက အချိုဓါတ်တွေပဲ များများလာတာလားမသိဘူး။ ဒါတောင် ငါသည်အရက်၏ အရှင်သခင်သာဖြစ်သည်။ အရက်၏ ကျေးကျွန်မဟုတ်လို့ ကြွေးကြော်လို့ ကောင်းတုန်းပဲ ဂျွန်။

အဲ့ဒီကောင်အကြောင်း မင်းကို ငါ ရယ်စရာမောစရာအနေနဲ့ ပြောတုန်းက မင်းက ညိမ်းညိုရဲ့ ရေဆေးဆီလိုက် ကဗျာဆရာပါကွာလို့ ပြောသေးတယ်နော်။ အဲ့ဒီကောင်လေ …. ခု အောင်ဗလလို လုပ်နေလေရဲ့။ ဂျပန်ဖိနပ်တစ်ရံခါးကြားညှပ်ပြီး ပေါ်ပင်တွေနောက် ပြေးလိုက်နေလေရဲ့။ ငါတို့ရဲ့ ခံစားမှုဆိုတာတွေက အံစာတုံးလိမ့်တမ်းဆော့သလို ကျချင်ရာကျ ဖြစ်လာတဲ့ဟာမျိုးတွေမို့လား။ သုတနဲ့ ရသကြား စည်းက တဖြည်းဖြည်းပါးလာတယ်ဆိုတဲ့ ပညာရှင်တွေကို ကာဗာလုပ်နေတာလားမသိ။ ငါကတော့ ပြောရရင် ကိုတာကြီးပြောသလိုပေါ့။ ယားလို့ကိုရေးနေတာပဲ။ အဲ့ဒီကောင်ကတော့ ကဗျာဆန်လို့ကောင်းတုန်း။ အလိုကြီးမှု ရမ္မက်နည်းချင်ယောင်ဆောင်ပြီးငါးမျှားချိတ်နဲ့ ငါးအသိုးတွေများကောင်းတုန်း။ အဲ့ဒီကောင်ကတော့ အဲ့ဒီကောင်ပါပဲလေ။ ထားပါတော့။

ဂျွန်ရေ ….    မင်းကို ငါ ပုံပြင်တစ်ခုပြောပြမယ်နော်။ ငါတို့ရွာက ကိုးနှစ်သားအရွယ် ဖိုးသော်ဆိုတဲ့ ကောင်လေးရဲ့အဖြစ်ပေါ့။ အရင်ဆုံး ဘကြီးဖြိုးဆိုတာရှိတယ်။ ဘကြီးဖြိုးက ဖိုးသော်တို့အိမ် တောင်ဘက်က တစ်ကိုယ်တည်းလူပျိုအဘိုးကြီး၊ တရားသမားကြီးပေါ့ကွာ။ ဘကြီးဖြိုးကို တစ်ရွာလုံးကလည်း ချစ်ကြတာပေါ့။ တစ်ရက် တို့ရွာဦးကျောင်းက ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပျံလွန်တော်မူပါလေရော။ ဆရာတော်ကြီးကို ရွာက ကြည်ညိုလေးစားချစ်ခင်ကြလေတော့ ဆရာတော်ကြီး ဘုန်းကြီးပျံပွဲကို အကြီးအကျယ် ကျင်းပမယ်ဆိုပြီး ရွာလူကြီးတွေက စီစဉ်ကြတာပေါ့။ ဘကြီးဖြိုးလည်းပါတာပေါ့လေ။ အဲ့ဒီဘုန်းကြီးပျံမှာ ဒေ၀ါဝင်း၊ ရာဇာဝင်းခင်းကြမယ်ဆိုတော့ဘကြီးဖြိုးက ၀င်းခင်းမယ်ဆိုရင်လည်း တစ်ခြားတစ်ခြားက ဘုန်းကြီးပျံတွေနဲ့မတူ၊ တမူထူးအောင်လို့ ကလေးတွေနဲ့ပဲ ၀င်းခင်းကြမယ်ဆိုပြီး အကြံပြုတယ်။ ဘကြီးဖြိုးအကြံကလည်းကောင်းလေတော့ ၀င်းခင်းဖို့အတွက်ရွာထဲက ကလေးတွေကို ခေါ်တယ်။

ဖိုးသော်ဆိုတဲ့ ကလေးက ညစ်ညစ်ပတ်ပတ်တွေလောက် ဆော့ချင်နေတာရယ်။ သူဝါသနာအပါဆုံးက ဗွက်ထဲမှာလူးပြီး ငါးတွေဖမ်း၊ ပုစွန်လုံးတွေလိုက်နှိုက်ရတာကိုပေါ့။ ဖိုးသော်လိုကောင်က ဒါမျိုးဘယ်စိတ်ဝင်စားမလည်း။ခက်တာက သူ့အမေ မယ်တင်ရယ်။ သူများကလေးတွေလည်း အသီးသီးပါကြလေတော့ သူ့သားကိုလည်း ပါစေချင်တာပေါ့။ ဖိုးသော်ကလည်း သူ့အမေ မယ်တင်လက်ခေါက် ဒေါက်ခနဲသူ့ခေါင်းပေါ်ရောက်မှာကြောက်လို့ဘကြီးဖြိုးကို ခေါင်းညိတ်လိုက်ရတယ်။

မန်းလေးကနေ ၀င်းခင်းဖို့ ၀တ်စုံတွေငှားတာဆိုတော့ အင်္ကျီဝတ်ပေးမယ့်လူတွေလည်း တစ်ခါထဲပါတယ်လေ။ အဲ့ဒါ ညနေမှောင်ရီပျိုးလောက်ထိ ရွာဦးကျောင်းမှာတင်ပဲ ကလေးတွေကို ၀တ်စုံပြည့် အစမ်းလေ့ကျင့်ပေးနေတာပေါ့။ ဖိုးသော်က ဒေ၀ါဝင်းမှာ မာတလိပေါ့။ အဲ့ဒီ နတ်ဝတ်စုံဝါ၀ါကြီးကို ဖိုးသော်မုန်းတယ်။အဲ့ဒါကြီး ၀တ်ထားရတာ ပူလွန်းလို့ ချွေးတွေကလည်း တပြိုက်ပြိုက်နဲ့။ ကြာတော့ စိတ်ညစ်တာနဲ့ ဖိုးသော်လည်း လူကြီးတွေမသိအောင် ခိုးပြီးပြေးတော့တာပေါ့။ နတ်ဝတ်စုံကြီးတလွှားလွှားနဲ့ ဖိုးသော် ဘာသွားလုပ်တယ်မှတ်လည်း။ ရွာထိပ်က အသားမည်းမည်းနဲ့ ဒေါ်ပန်းသီးပိုင်တဲ့လယ်တန်းဘေးနားမှာ ဗွက်လူးပြီး ပုစွန်လုံးနှိုက်နေတာပေါ့။

သိတယ်မလား။ တို့အညာက တအားပူတဲ့အခါ လေဆင်နှာမောင်းတွေတိုက်ပြီး သဲမုန်တိုင်းတွေထတတ်တယ်လေ။ ဖိုးသော်ပုစွန်လုံးနှိုက်နေတုန်း ရုတ်တရက် လေဆင်နှာမောင်းကြီးတိုက်ပြီး သဲတွေဝဲပျံနေလိုက်တာ ပတ်ဝန်းကျင်တစ်ခုလုံး တဖုန်းဖုန်းထနေတာပဲပေါ့။ အဲ့ဒီလိုဖြစ်ရင် အရင်ဆုံး သစ်ပင်ကြီးတစ်ခုကိုရှာ။ အပင်ပေါ်တက်ပြီး အဖေလာတာကိုစောင့်လို့ သူ့အဖေ ဦးရှမ်းကြီးမှာထားတာကို ဖိုးသော်သတိရလိုက်တယ်။အဲ့ဒါနဲ့ပဲ ဖိုးသော်လည်း လယ်ကွက်ဘေးက ညောင်ကြတ်ပင်ပေါ်တတ်ပြီး သူ့အဖေကို စောင့်နေတာပေါ့။    မှောင်ကလည်း တဖြည်းဖြည်းမှောင်လာ။ သဲတွေကလည်း ထတုန်းမှာပဲ သဲတွေကြားထဲကနေဒုတ်မီးအရောင်လေးကို ဖိုးသော်လှမ်းတွေ့လိုက်တယ်။ လက်နှိပ်ဓါတ်မီးကို တို့ဘက်မှာ ဒုတ်မီးလို့ခေါ်တာပဲ။ မသဲမကွဲမြင်လိုက်ကတည်းက ဒါ ဘကြီးဖြိုးနွားလှည်းမှန်း ဖိုးသော်လေးသိလိုက်တယ်။ ဘကြီးဖြိုးနဲ့ အိမ်ကို  လိုက်ပြန်မယ်ဆိုပြီး ဖိုးသော်လည်း သစ်ပင်ပေါ်ကနေခုန်ချပြီးပြေးတော့တာပေါ့။ ဘကြီးဖြိုးနွားလှည်းက အဲ့ဒီအချိန်မှာပဲ ဒေါ်ပန်းသီးလယ်ကွက်အစပ်က တံတားပေါ်ကို ဖြတ်မောင်းတော့မယ်။ ဒီတစ်ဝိုက်က သူပုစွန်လုံးပတ်နှိုက်နေတာပဲ။ အဲ့ဒီတံတားကြီးက အစုတ်ကြီး၊ကျိုးတော့မယ်ဆိုတာ ဖိုးသော်သိတာပေါ့။ ဒါနဲ့ ဖိုးသော်လေးဟာ သူ့အသံကို ကျယ်နိုင်သမျှကျယ်အောင်ကြိုးစားအော်ပြီး ဘကြီးဖြိုးကို လှမ်းသတိပေးလိုက်တယ်။ ဘကြီးဖြိုးရေ၊ အဲ့ဒီတံတားပေါ်ကို မတက်နဲ့။ လယ်ကွင်းဘေးကပတ်မောင်းဆိုပြီးပေါ့။ ဘကြီးဖြိုးက သူ့လည်းမြင်ရော သရဲတွေ့တဲ့အလား လှည်းကိုမောင်းပြေးတော့တာပဲ။ အဲ့ဒါနဲ့ ဖိုးသော်လေးလည်း သစ်ပင်ပေါ်ပြန်တက်ပြီး သူ့အဖေကို စောင့်နေရတော့တာပေါ့။

ရွာထဲကို ဒုန်းစိုင်းဝင်လာတဲ့ ဘကြီးဖြိုးနွားလှည်းကိုလည်း မြင်ရော ဦးရှမ်းကြီးက ဆီးမေးတာပေါ့။ဘကြီးဖြိုး ကျုပ်သားကို မတွေ့ခဲ့ဘူးလားဗျဆိုပြီး။ ဘကြီးဖြိုးခမျာ ပြန်တောင်မဖြေနိုင်သေးရှာဘူး။ မျက်နှာကြီးဖြူဖတ်ဖြူလျော်နဲ့ တစ်ကိုယ်လုံးတုန်ရီနေတာပဲ။ လူတွေက ဘကြီးဖြိုးကို လှည်းပေါ်ကနေ ချပေးကြရတယ်။အသက်၀၀ရှုပြီးစိတ်ကိုထိန်းပါဦးဘကြီးရဲ့ဘာညာနဲ့ပေါ့။ အဲ့ဒီအချိန်မှာတော့ အနံ့တွေရလို့ လူတိုင်းသိလိုက်ပြီလေ။ ဘကြီးဖြိုးက ခွက်ပုန်းကြီးဆိုတာ။ ဘကြီးဖြိုးက တရားသမားကြီးဘာကြီးဟန်ဖမ်းပြီး ညနေလူမသိတဲ့အချိန်လောက်ကျမှ ဟိုဖက်ရွာကို သွားသွားကစ်တာကိုး။    “ ဘုရားကယ်ပေလို့ဟေ့။ ဘုရားကယ်ပေလို့။ ”    ဘကြီးဖြိုးက အသက်ရှုဖို့တောင်မနားတော့ပဲပြောတယ်။    “ ငါ ဟိုဖက်ရွာကအပြန် ချက်အရက်ကလေးတစ်စက်နှစ်စက်လောက် သောက်လာခဲ့မိတယ်ကွ။ညဖက်ဆိုတော့လည်း လူကြီးအချမ်းကလေးဘာလေးသက်သာအောင်ပါကွာ။ နည်းနည်းပါးပါးပါ။ အပြန်ရွာထိပ်က ဒေါ်ပန်းသီးလယ်စပ်လည်းရောက်ရော သဲတွေထနေတာနဲ့ ငါလည်း မမြင်မကန်းနဲ့ တံတားပေါ်ကိုဖြတ်မောင်းတော့မလို့။ မင်းတို့သိတဲ့အတိုင်း တံတားကလည်း အဆွေးကြီးကွ။ ငါ့လှည်းဘယ်ခံနိုင်မလည်း။အဲ့ဒီအချိန်မှာပဲ ညောင်ကြတ်ပင်ကြီးပေါ်ကနေ နတ်သားလေးတစ်ပါးပေါ်လာပြီး ငါ့ကို သတိပေးတယ်ကွ။ဘကြီးဖြိုးရေ၊ အဲ့ဒီတံတားပေါ်ကို မတက်နဲ့။ လယ်ကွင်းဘေးကပတ်မောင်းတဲ့။ ဒါနဲ့ ငါလည်း လယ်ကွင်းဘေးကပတ်ပြီး ရွာကို ဒုန်းစိုင်းခဲ့တော့တာပဲ။ အော် ဒုစရိုက်မှုများကြောက်ဖို့တောင်ကောင်းပါတယ်။ တစ်ခါမှ မသောက်ဖူးတဲ့အရက်။ အချမ်းပြေ ဆေးဖြစ်ဝါးဖြစ်လေးမှီဝဲတာတောင် သတိလက်လွတ်ဖြစ်ပြီး ဒုက္ခရောက်တော့မလို့။ ဘုရားကျေးဇူးကြောင့် နတ်တွေကကယ်တယ်။ ဘုရားကယ်ပေလို့ဟေ့။ တော်ပြီ နောက်များတော့ဒီအရက်။ တစ်စက်တစ်လေတောင်  မထိတော့ဘူး။”

ကျန်တဲ့အကြောင်းတော့ မြန်မာဇာတ်လမ်းတွေလို လိုက်ဖြည်ပေးမနေတော့ဘူး။ ပြောချင်တာကအဲ့ဒီနေ့ကစလို့ ခွက်ပုန်းဘကြီးဖြိုးတစ်ယောက် အရက်တကယ်ပြတ်သွားတယ်ဆိုတာကိုပဲ။ ဘကြီးဖြိုးကတော့အဲ့ဒီလို ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ် ဂျွန်။ မင်းတို့ ငါတို့ ပတ်ဝန်းကျင်မှာ အဲ့ဒီလို ဆုံးဖြတ်ချက်မျိုးလေးတွေကိုမချနိုင်သေးတဲ့၊ ချဖို့ခက်နေတဲ့ လူတွေအများကြီးရှိနေတယ်ဆိုတာ မင်းလည်းအသိပဲ။ ငါမင်းကိုပြောဖူးသလိုပေါ့။ ငါက ကိုယ့်ကိုကိုယ် အတ္တမကြီးချင်ယောင်ဆောင်တဲ့ကောင်လို့။ ငါ့ကိုငါ အတ္တကြီးမှန်းသိတယ်။ အတ္တမကြီးချင်ယောင်ဆောင်နေတာ။ ဒါတောင် တစ်ချို့က အတ္တမကြီးချင်ယောင်ဆောင်တဲ့ကောင်လို့ သိချင်ယောင်ဆောင်နေတာဆိုပဲ။ လူတွေများပြောပါတယ်။ တစ်ချို့များဆို ကိုယ့်ကိုကိုယ် အတ္တမကြီးချင်ယောင်ဆောင်ဖို့မပြောနဲ့။ ကိုယ့်ကိုကိုယ် အတ္တကြီးမှန်းတောင် မသိကြဘူးလေ။

ဆောရီး ဂျွန်။    ငါကလည်း ငါပြောချင်တာတွေလောက် စွတ်ပြောနေတယ်။ ဒီစာကိုလည်း ရေးမယ့်သာရေးရတယ်။မင်းဆီပို့ဖြစ်ပါ့မလားမသိဘူး။ ပို့ဖြစ်ချင်မှပို့ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်လေ။ ငါ့စိတ်အစာမကျေတိုင်း ရင်ဖွင့်စရာက မင်းတစ်ယောက်ပဲရှိတာကိုး။ မင်းဟိုမှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပဲ။

မင်းရဲ့ သူငယ်ချင်း

သျှမိုရ်

( ဂျွန်ရေ။ ငါက ယားလို့ ရေးထားတာ တိုက်ဆိုင်မှုရှိရင် နာကြမလားတော့မသိဘူး။ )





—သလိုလိုပဲ

အဲ့ဒီလို တိတ်ဆိတ်တဲ့ညမျိုးမှာပေါ့

အိပ်မပျော်သေးခင် ခရီးဆက်မယ်

အိပ်မပျော်သေးခင် ခရီးဆက်ရဦးမယ်

- နဲ့ နှုတ်က တဖွဖွ ရွတ်နေမိသလိုပဲ။

နင့်ခေါင်းပေါ်က စံပယ်ပန်းကို မွှေးတဲ့အခါလိုပေါ့

မွှေးချင်မှမွှေးပေမယ့် မွှေးချင်လို့ကို မွှေးသလို

စံပယ်တွေ နီလာသလိုလိုပဲ ချစ်သူ။

အဲ့ဒီ နောက်ဆုံးအဖြေကို သိလိုက်သလိုလိုနဲ့

ငါသွားတော့မယ်

ငါသွားရတော့မယ်

- နဲ့ နှုတ်က တဖွဖွ ရွတ်နေမိသလိုပဲ။

အဲ့ဒီ နင့်ရှေ့က မီးပုံထဲက ပြာမှုန်လေးတွေကို

လက်ဖ၀ါးမှာတင် လေအလျဉ်မှာမှုတ်ခဲ့သလို

တို့အတူ အိပ်မက်တွေ ထုတ်လုပ်ခဲ့ကြဖူးသလိုလိုပဲ။



Love And A Question

ဒီကဗျာက Robert Frost ရဲ့ကဗျာတစ်ပုဒ်ပါ။ ကျနော်ကတော့ ဘာသာမပြန်ရဲဘူး။ တတ်တဲ့သူတွေပြန်လိမ့်မယ်။ခုတော့ ခင်ဗျားတို့ အင်္ဂုလိစာနဲ့ပဲဖတ်ကြည့်ကြပေတော့။ ဒီကဗျာက Robert Frost ဟာ realism တွေ၊ idyllic poem တွေပဲရေးနေတဲ့ ကျဉ်းမြောင်းတဲ့ ကဗျာဆရာတစ်ယောက်မဟုတ်ကြောင်း သက်သေပြချက်တစ်ခုပါပဲ။ Robert Frost ဟာ ကဗျာကို ပုံစံမျိုးစုံနဲ့ ရေးဖွဲ့နိုင်စွမ်းရှိပါတယ်။ ဒီကဗျာမှာ Robert Frost က သူ့မတိုင်မီ ရှေးရှေးက ဘဲလက်ပုံစံအရေးအသားတွေ( Ballads ) ကို သုံးထားတာလည်း တွေ့ရတယ်။ ဒီကဗျာမှာ အဓိကဇာတ်ဆောင်တွေက ကျေးလက်က အိမ်ကလေးတစ်လုံး၊လူတစ်ယောက်နဲ့ သူ့ရဲ့သတို့သမီး၊ မှောင်ရီပျိုးစအချိန်မှာရောက်လာတဲ့ သူစိမ်းတစ်ယောက်၊ ဒါပဲပါတယ်။ဒီကဗျာဟာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးတဲ့ ဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ကွက်လေးတစ်ခုဖြစ်နိုင်တယ်လို့ Louis Untermeyer ကရေးဖူးပါတယ်။ ဒီကဗျာထဲကမှောင်ရီပျိုးပြမှာရောက်လာတဲ့ သူစိမ်းဆိုတာက လူအစစ်ဖြစ်ချင်မှဖြစ်မယ်လို့ ကျနော်ထင်တယ်။ ကျနော်ထင်တာကိုပြောတာပါ။ ကဗျာဆရာဆိုလိုချင်တာကို မြင်တာဖြစ်ချင်မှဖြစ်ပါမယ်။ သူစိမ်းဟာ အိမ်ကလေးကို မကြာခင်မှာ ကျရောက်လာတော့မယ့် ဒုက္ခတွေကို ပြထားတဲ့ နိမိတ်ပုံလို့ ထင်ပါတယ်။ ကျနော်ကတော့ ကဗျာအဆုံးမှာတော့ ခေါင်းစဉ်တပ်ထားတဲ့အတိုင်း မေးခွန်းတစ်ခုဖြေဖို့ အတွေးတစ်စကျန်ခဲ့တယ်။

LOVE AND A QUESTION

A Stranger came to the door at eve,

And he spoke the bridegroom fair.

He bore a green-white stick in his hand,

And, for all burden, care.

He asked with the eyes more than the lips

For a shelter for the night,

And he turned and looked at the road afar

Without a window light.

The bridegroom came forth into the porch

With “ Let us look at the sky,

And question what of the night to be,

Stranger, you and I. ”

The woodbine leaves littered the yard,

The woodbine berries were blue,

Autumn, yes, winter was in the wind;

“ Stranger, I wish I knew. ”

Within, the bride in the dusk alone

Bent over the open fire,

Her face rose-red with the glowing coal

And the thought of her heart’s desire.

The bridegroom looked at the weary road,

Yet saw but her within,

And wished her heart in a case of gold

And pinned with a silver pin.

The bridegroom thought it little to give

A dole of bread, a purse,

A heartfelt prayr of the poor of God,

Or for the rich a curse;

But whether or not a man was asked

To mar the love of two

By harboring woe in the bridal house,

The bridegroom wished he knew.

Robert Frost.

ကျနော်တို့လူ့လောကကို ရောက်လာတာဟာ မေးခွန်းတွေကို ဖြေဖို့လို့ ကျနော်ထင်မိတယ်။ ကိုယ်ဖြေချင်တာကိုယ်ရွေးဖြေသွားတဲ့သူတွေ၊ ကိုယ်ဖြေသင့်တယ်ထင်တာကို ရွေးဖြေသွားတဲ့သူတွေရှိတယ်။ မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ ဘာကိုမှလည်းမဖြေနိုင်သေးပဲ ခုချိန်ထိ ဦးစားနေတဲ့သူတွေလည်းရှိတယ်။ မေးခွန်းတွေကို အကုန်ဖြေဖို့မကြိုးစားပါနဲ့။ လိုမှမလိုတာ။ အရင်ဆုံး ဖြေချင်တာလေးတွေနဲ့ ဖြေသင့်တာလေးတွေကို ရွေး။ ပြီးမှ ဖြေနိုင်သလောက်ကိုပြန်စစ်ပေါ့။တစ်ခုရှိတာက ကိုယ့်မေးခွန်းတွေကို ကိုယ် အကုန်ဖြေခဲ့နိုင်ဖို့တော့ ကြိုးစားပေါ့ဗျာ။ မသေခင် ကိုယ့်မေးခွန်းတွေကို ကိုယ်အကုန်ဖြေနိုင်ခဲ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရဲ့။



Those who think they love us and those whom we think we love them make us loneliness

ခေါင်းလောင်းမထိုးခင် ခဏလောက်ဖြစ်ဖြစ်ပေါ့
မင်းနဲ့ စကားစမြည်နည်းနည်းတော့ ပြောချင်သေးတယ် ဂျွန်

သူ့အသရေနဲ့ သူ့ပန်းခွေ
သူတို့ဘာသာစကားနဲ့ သူတို့ စီကြပါစေ
တို့တွေ ခဏတဖြုတ်အေးဆေးပေါ့

အချစ်ဆိုတာမင်းအတွက်
ဒီလောက်တောင်လွယ်ကူတဲ့ ကစားပွဲဆို
မင်းစိတ်ထင်တိုင်းကျဲနိုင်ခဲ့လို့လား?
စိတ်ကူးနဲ့ ဘ၀ဟာ တိုက်ပုံနဲ့ ဂျင်းဘောင်းဘီလိုဘဲ
အစပ်အဟပ်မတည့်လှပါဘူး ဂျွန်

အမုန်းတွေမရှိဘူးလို့မင်းစိတ်ကူးယှဉ်ကြည့်
အလွမ်းတွေ၊ အဆွေးတွေလို ပူလောင်စရာတွေ
နာကျည်းတဲ့ ခံစားချက်တွေမရှိဘူးလို့
မင်းစိတ်ကူးယှဉ်ကြည့်လိုက်စမ်း ဂျွန်

အဲ့ဒီအချိန်မှာ ကမ္ဘာဟာ
သက်တောင့်သက်သာ ခံစားချက်တွေနဲ့
ဆားမရှိတဲ့ ပင်လယ်ရေတွေ လွှမ်းနေလိမ့်မယ်

ဆွာမိရာမရဲ့ ဆရာသခင်တစ်ပါးပြောတဲ့စကား-
“ ငါတို့ကို ချစ်နေတယ်လို့ ထင်မိတဲ့လူတွေနဲ့
ငါတို့က ချစ်နေတယ်လို့ ထင်မိတဲ့လူတွေကြောင့်
ငါတို့မှာ အထီးကျန်ဆန်မှုတွေဖြစ်ရတယ် ”

မင်းတို့တတွေဟာ
အနာဂတ်ကို မမျှော်လင့်တတ်ရဲ့
မနေ့ကတွေကို လွမ်းတတ်ခဲ့
ပစ္စုပ္ပန်တွေကိုလည်း ကာလနဲ့ အင်္ဂတေဘောင်ပိုးတည်ဆောက်တတ်ရဲ့
ဒါနဲ့များ

အခု ဒီဇင်ဘာလလေ ဂျွန်
မင်းတို့မြို့လေးရဲ့ လမ်းတွေပေါ်မှာ
ဖြူဖြူစွေးစွေး ဆီးနှင်းတွေဖွေးရော့မယ်
မင်းတစ်ယောက်ထဲ ဘယ်တုန်းကမှ
တစ်ယောက်ထဲ မလျှောက်ခဲ့ဖူးတဲ့ လမ်းတွေပေါ်မှာပေါ့

တို့တတွေ အဲ့ဒီ ဒီဇင်ဘာညတွေမှာ
တခြားနဲ့မတူတဲ့ လရောင်ကိုခံစားနေတုန်း
မင်းဆိုခဲ့တဲ့ သီချင်းလေးကို မှတ်မိနေတုန်းဘဲ

“ ညတစ်ညလို နက်ရှိုင်းတဲ့နှင်း
ညတစ်ညလို တိတ်ဆိတ်
အာလူးခင်းဆီသွားတဲ့ ခြေရာတွေကို ဖုံးကွယ်
ပြတင်းတံခါးလာခေါက်တဲ့
လေပြေနဲ့ အလင်းသေဆုံးပျောက်ကွယ်

ခြောက်သွေ့တဲ့ ၀ါပင်တွေမှာ နှင်းတွေဖုံး
ရိုးပြတ်ရွက်ကြွေတွေပေါ်လည်း နှင်းတွေဖုံး
အိပ်မက်ထဲမှာတောင် တ၀ုန်းဝုန်းကြားနိုင်တဲ့
ဝိုးတ၀ါးအတိတ်က ရွက်ကြွေသံတွေနဲ့
ပစ်စလတ်ခတ် ဗီတိုအာဏာသုံးလို့
အဲ့ဒီလို မနက်ခင်းမှာ ပြန်ဆုံကြပါဦးစို့ ”
ဟော…
ခေါင်းလောင်းထိုးသံ သဲ့သဲ့ကြားတယ်

သူတို့တတွေမင်းကို ဖက်လှဲတကင်းကြိုဆိုကြမှာပါ
ပြီးတော့ မင်းအနားကပ်ပြီး တီးတိုးဆိုကြလိမ့်မယ်
“ ပြီးခဲ့တာ ပြီးပါစေ၊ မပြီးခဲ့တာတွေလည်း ရှိပါစေတော့ လို့



လူရှိန်အောင်ဖတ်ကြည့်

အေး ငါကျေနပ်ပါတယ်
မင်းတို့အားလုံး ငါ့ကို ပစ်ပစ်နစ်နစ်ဆဲလိုက်ကြ
ငါကလုံးဝသုံးစားမရတဲ့ကောင်
ငါကနလပိန်းတုံး ငါဟာ ၀င်ကစွပ်
မင်းတို့ငါ့ကို ချွတ်ချင်သလိုသာ ချွတ်တော့
ငါကျေနပ်တယ်

ငါက မင်းတို့ဦးနှောက်ကို ဖောက်စားခဲ့တာပါ
ခုနှစ်လွှာပေါက်စီကို ဖင်ကဖွင့်စားသလိုမျိုး
မုန့်ဆီကြော်ကို အလယ်သားချည်းရွေးစားသလိုမျိုး
Ready Made ဦးနှောက်တွေကို
ကိုယ့်ပိုက်ကွန်ထဲ အသင့်ဝင်လာသမျှ
မြိန်ရေယှက်ရေ ဖောက်စားခဲ့ရတာပေါ့

ရှယ်လီ၊ ကဘီယာ၊ ဒေါ်ရသီဝုဒ်မန်း တစ်လွှာ
မောင်ချောနွယ်၊ ဖော်ဝေး၊ အောင်ချိမ့် တစ်လွှာ
အဲ့ဒီလို တစ်လွှာပြီးတစ်လွှာ စိမ်ပြေနပြေခွာကာစုပ်
ငါ့လျှာဖျားမှာ ဂုဏ်ပုဒ်တွေလုပ်ခဲ့တာပေါ့
ဒါပေမယ့် မင်းတို့ဆိုချင်သလိုဆို
အရေးကြီးတာက လူရှိန်ဖို့လိုတယ်ကွ

နဂိုကမှ တမင်ကို လူနားမလည်အောင်ရေးတာ
ငါ့ကဗျာက အနက်ဖွင့်ဖို့မဟုတ်ဘူး
ခံစားဖို့
ငါပြောပါတယ် အရေးကြီးတာက လူရှိန်ဖို့
လူနားလည်ဖို့မဟုတ်ဘူး
စကားလုံးကြီးကြီးတွေပါတော့ လူရှိန်တာပေါ့ကွာ

ကဗျာရဲ့ ခံစားမှုစီးဆင်းရာကို ပုံဖော်ဖို့လို့အကြောင်းပြပြီး
၁၈ နှစ်မပြည့်သေးရင် မဖတ်အပ်/သင့်တဲ့
စကားလုံးတွေ၊ နိမိတ်ပုံတွေကို ထည့်ရေး
မင်းတို့ဆီက ပါးပါးလှီးစတွေကို စနစ်တကျအသုံးချ
ဝူးဝါးဗြူးဗြဲနဲ့ ပုံဖော်၊ နားမလည်ဘူးဆို Post Modern
အရေးကြီးတာက လူရှိန်ဖို့ကွ

ဒီမယ်သူငယ်ချင်းတို့
ငါက ဒီကဗျာကို လူရှိန်အောင်ရေးထားတာ
ခုမင်းတို့ ဒီကဗျာကို ဖတ်ပြီးတော့လည်း
ဒီကဗျာကို ဖတ်ဖူးတယ်လို့လူရှိန်တာပေါ့ကွာ



ဒီအတိုင်းထိုင်နေမယ့် အစား ရယ်ပစ်လိုက်ကြရအောင်


“ဘ၀ကို ဟာသဖြင့် မွမ်းမံသော အခါ အတော်အတန် ပျော်စရာကောင်းလာ၏။”

မောင်ချောနွယ်

ဟာသကို ခရီးဆောင်မြန်မာအဘိဓါန်တွင် ရယ်ရွှင်ဖွယ်ရာ ဟုသာဖွင့်ဆိုထားပါသည်။ ဟာသသည် ပါဠိစာလုံး ဟဿ မှ ဆင်းသက်လာခြင်းဖြစ်သည်။ စာပေနယ်ပယ် တွင် ဟာသကို ဆရာ ဆရာမ များက အမျိုးအစားများခွဲပြထားပါသည်။ မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ထင်ရှားသည့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က ဟာသကို အောက်ပါအတိုင်း အမျိုးအစားခွဲပြထားပါသည်။

ဒေါ်ခင်မျိုးချစ်ပြောတဲ့ ဟာသများ

Arthur Koestler ရဲ့ ဟာသကိုးမျိုးကိုလည်း ဖော်ပြပေးလိုက်ပါသည်။

1. Bathos ( မြင့်ရာမှ နိမ့်ရာ လျောကျ ဟာသ )

2. Caricature ( သရုပ်ဖျက် ဟာသ )

3. Comic Smile ( ဥပမာမြောက် ဟာသ )

4. Debun King ( ပကာသန ထွင်းဖောက်ဟာသ )

5. Impersonation ( သဏ္ဍာန်လုပ် သရုပ်ဖော် ဟာသ )

6. Pun ( သံတူ- သံတူ ဟာသ )

7. Witticism ( ဇ၀နဥာဏ် ဟာသ )

8. Satire ( ခေတ်သရော် ဟာသ )

9. Riddle ( စကားထာဝှက် ဟာသ )

ဒါကိုပင် မပြည့်စုံသေးဟူ၍ ဦးညိုမြက နောက်ထပ် ခြောက်မျိုး ဖြည့်စွက်ထားပါသေးသည်။

10. Blasphemy ( အနန္တော အနန္တ ငါးပါး ပျက်ရယ်ပြုဟာသ )

11. Howlers or Boners ( ကျောင်းသားအလွဲဖြေ ဟာသ )

12. Irony ( ခနိုးခနဲ့ ဟာသ )

13. Practical Joke ( လက်တွေ့ ဟာသ )

14. Non-sense & Nursery tales ( ကလေးချော့ ဟာသ )

15. Parody ( စာဖျက် ဟာသ )

ဟာသဟူသည် ရယ်ရွှင်ဖွယ်ရာ ဟု အထက်တွင် ဆိုခဲ့ပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှိသမျှသော သတ္တ၀ါများတွင် လူသည်သာ ရယ်မောခြင်းအတတ်ကို ပီပီပြင်ပြင် တတ်မြောက်လေသည်။ “ရသစာပေ၏ ရသ” စာအုပ်ထဲတွင် ဆရာကြီး ဦးရွှေအောင် ရယ်မောခြင်းတွင် အဆင့်သုံးဆင့်ရှိကြောင်းဆိုထားသည်။

၁။ မျက်စေ့ကျဉ်းသွားခြင်း

၂။ ပါးစပ်ကျယ်သွားခြင်း

၃။ ရယ်သံထွက်လာခြင်း - ဟူ၍ဖြစ်သည်။

မြောင်းမြသခင်တင် ကမူ ရယ်မောခြင်းကို အဆင့်အတန်းခွဲခြားထား ပါသည်။ ရယ်မောခြင်းတွင်-

၁။ မျက်စေ့ ပွင့်ရုံမျှ ရယ်ခြင်း

၂။ သွားစဉ်းငယ်ပေါ်ရုံမျှ ရယ်ခြင်း

၃။ ညင်းညင်းချိုချို အသံထွက်ရုံမျှ ရယ်ခြင်း

၎။ ပခုံးနှင့် ဦးခေါင်းလှုပ်ကြွ ၍ ရယ်ခြင်း

၅။ မျက်ရည်ထွက်အောင် ရယ်ခြင်း

၆။ ကိုယ်ကို လှုပ်ကာခုန်ပေါက် ရယ်မောခြင်း – ဟူ၍ရှိရာတွင် အမှတ် ၁ နှင့် ၂ ရယ်ခြင်းသည် အမြတ်စား ရယ်ခြင်းဖြစ်၍ အမှတ် ၃နှင့် ၄ သည် အလတ်စားရယ်ခြင်း ဖြစ်ပြီး အမှတ် ၅ နှင့် ၆ သည် အညံ့စား ရယ်ခြင်းမျိုးဖြစ်သည်ဟု သူကဆိုသည်။

ယခု အာဖဂန်နစ္စတန် တိုင်းပြည်နေရာတွင် ဟိုလွန်ခဲ့သော နှစ်များစွာက တက္ကသီလာနေပြည်တော်ကြီးရှိခဲ့ပါသည်။ ထိုတိုင်းပြည်ရှိ ဒိသာပါမောက္ခကြီးထံတွင် ကမ္ဘာအရပ်ရပ်ရှိ မင်းညီမင်းသားများလာရောက် ပညာသင်ကြရသည်။ မင်းညီမင်းသားတို့ တတ်သင့်တတ်အပ်သော အဌာရဿ- ပညာဆယ့်ရှစ်ပါးတွင် က္ကုတိဟဿ- ရယ်ရွှင်ဖွယ်အတတ်သည် တစ်ပါး အပါအ၀င်ဖြစ်သည်။

“တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ်” ဟူသည့် စကားအတိုင်း တိုင်းပြည်အုပ်ချုပ်မည့် သူများသည် တင်းမာသည့် စိတ်နေစိတ်ထားကို နေရာတကာတွင် အမြဲတစေ မကျင့်သုံးအပ်ချေ။ ခေါင်းဆောင်တို့မည်သည် ဘေးလူများနှင့် ဆက်ဆံရေးပြေပြစ်မှု၊ ငယ်သားများ၏ ကြည်ညိုလေးစားမှု၊ ခင်မင်ရင်းနှီးမှုတို့ကို ရယူနေရန်လိုအပ်လှပေသည်။

ဆရာကြီးဦးမောင်မောင်၏ စာပေဗိမာန်စာပေဆုရ “ခေါင်းဆောင်မှုပညာ” စာအုပ်ထဲတွင် ဤသို့ဖော်ပြထားပါသည်။

“ဟာသဥာဏ်ရှိခြင်းအားဖြင့်လူကိုလည်းသွက်လက်ဖြတ်လတ်စေ၏။ လူအပေါင်းတို့၏ ချစ်ခင်မှုကိုလည်း ရစေ၏။ ထိုင်းမှိုင်းတွေဝေမှုများကိုလည်း ပပျောက်စေ၏။ အလုပ်နှင့်ပတ်သက်၍ ငြီးငွေ့မှုများကိုလည်း လျော့ပါးစေ၏။ အတွေးအခေါ်သစ်များကိုလည်း ဖြစ်ပွားစေ၏။ တင်းမာမှုများ၊ စိတ်အာရုံ မငြိမ်သက်မှုများ၊ စိတ်ထိခိုက်မှုများကိုလည်း လျော့ပါးစေ၏။ ထို့ကြောင့် ခေါင်းဆောင်ကောင်းတို့သည် ဟာသဥာဏ်နှင့် ထွင်ဥာဏ် ပြည့်ပွားရန် အာရုံပြု၍ ဆောင်ရွက်စေရာသည်။”

မြတ်စွာဘုရားရှင်က ကံ၊ စိတ်၊ ဥတု၊ အာဟာရကို သမမျှတ စေဖို့လိုသည်ဟု ဟောခဲ့ပါသည်။ ယနေ့ခေတ် ဆေးပညာပါရဂူများစွာတို့၏ လေ့လာစမ်းစစ်ချက်တွေအရ လူတို့ဖြစ်တတ်ကြသော ကျန်းမာရေးပြဿနာအများစုသည် စိတ်ကိုအခြေခံကြောင့်တွေ့ရှိရသည်။ အတွင်းစိတ်၏ ဖိစီးရှုပ်ထွေးမှုများ၊ အာရုံနောက်ကျိမှုများ၊ စိတ်ကစဥ့်ကလျားဖြစ်မှုများသည် ရောဂါဘယများဖြစ်ပွားဖို့ အခွင့်အရေးပိုများစေသည်။ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှုနှင့် ဒေါသတရားတို့သည် အက်ဒရီနလင်ဟော်မုန်းကို ထုတ်လွှတ်စေပါသည်။ ထိုဟော်မုန်းသည် အစာအိမ်ထဲသို့ ရောက်ရှိသွားပါက ကျန်းမာရေးကိုထိခိုက်စေပါသည်။ ရယ်မောခြင်းသည် စိတ်ဖိစီးမှုများ၊ ၀မ်းနည်းမှုများ၊ သောကနှင့် ဒေါသများကို ပြေလျော့စေပါသည်။ထို့ပြင် ရယ်မောခြင်းကြောင့် ခန္ဒာကိုယ်အတွက် တစ်နေ့တာလိုအပ်သော အောက်ဆီဂျင်ဆုတ်ယူမှုတွင် အဆုတ်ကို အထောက်အကူများစွာပေးပါသည်။

ယနေ့ခေတ်တွင် ဆရာဝန်အတော်များများ တို့သည် လူနာများအား ရယ်မောခြင်းကုထုံးဖြင့် ကုသနေကြပြီဖြစ်သည်။ ရစ်ချတ်ဆောင်းဒါး၏ “ Jump Start Your Brain” စာအုပ်ထဲတွင် ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ပါးဖြစ်ကြောင်း ဖော်ပြထားပါသည်။ စိတ်ဖိစီးမှုတို့သည် အင်အားကိုယုတ်လျော့စေပြီး ရှင်းလင်းစွာ တွေးခေါ် နိုင်စွမ်းကို လျော့ကျစေပါသည်။ အကြံဥာဏ်တို့မွေးဖွားစေသော ဦးနှောက်ဆဲလ်များကို သေစေပါသည်။ ရယ်မောခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ကြောင်း သူ၏ စာအုပ်ထဲတွင် ဖော်ပြထားပါသည်။

“ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ” ဆိုသော မြန်မာ့ ဆိုရိုးတစ်ခုရှိပါသည်။ ဘ၀တွင် ကြုံတွေ့လာရသော အခက်အခဲများ၊ ဒုက္ခ များကို ဟာသဥာဏ် ဖြင့် ရှုမြင်ကြည့်လိုက်ပါ။ ဖြေရှင်းကျော်လွှားယှဉ်ဆိုင်နိုင်မည့် နည်းလမ်းများကို အလွယ်တကူတွေ့လာပါလိမ့်မည်။ Future Shock, Third Wave စာအုပ်တွင် ရက်စက်မှုတွေ၊ ပူဆွေးမှုတွေ၊ ဒေါသတရားတွေ၊ အရောင်တလက်လက်ထွက်နေတဲ့ ကတိစကားတွေနှင့် ပြည့်နှက်နေသော လောကကြီးတွင် ရှင်သန်နေထိုင် ရပ်တည်သွားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းသည် ဟာသဓါတ်ခံရှိဖို့ပင်ဖြစ်ကြောင်း Alvin Toffler က ဆိုထားပါသည်။

2006 ခုနှစ် နိုဝင်ဘာ 8 ရက်နေ့က BBC News တွင် ကြေညာ သွားသော သတင်းတစ်ပုဒ်ကို တင်ပြလိုပါသည်။ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်တွင် ပထမ ဦးဆုံးသော အသင်းသား ကျန်လီဆင်ကို အစပြု၍ ရယ်မောခြင်းအသင်း ( Laughing Club) ကို စတင်တည်ထောင်ခြင်းသတင်းဖြစ်ပါသည်။ ထိုအသင်းဝင်တို့သည် နေ့စဉ်နေ့တိုင်း ရှန်ဇန်းရင်ပြင်တွင် မနက်စောစော စုဝေးကြပြီး အားပါးတရ စုပေါင်းရယ်မောကြပါသည်။ ထိုမတိုင်ခင်နှစ်များကတည်းက အိန္ဒိယနိုင်ငံတွင် Laughing Brigade ဟူ၍ အသင်းတစ်ခု တည်ထောင်ပြီးဖြစ်သည်။

ရှေးမြန်မာဘိုးဘွားတို့ပြောလေ့ရှိသော စကားတစ်ခုဖြင့် ဤ ဟိုရောက်ဒီရောက်ဆောင်းပါးလိုလို မှတ်စုလိုလိုစာကို အဆုံးသတ်ပါမည်။

“ရယ်လေရယ်လေ အသက်ရှည်”

ထိုစကားအတိုင်း ဘ၀တွင် အခက်အခဲ၊ ပြဿနာများကို ရယ်မောခြင်းဖြင့် ကျော်လွှားနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။



Where do you search me

Moko Kahan Dhundhere Bande
Mein To Tere Paas Mein
Na Teerath Mein, Na Moorat Mein
Na Ekant Niwas Mein
Na Mandir Mein, Na Masjid Mein
Na Kabe Kailas Mein
Mein To Tere Paas Mein Bande
Mein To Tere Paas Mein
Na Mein Jap Mein, Na Mein Tap Mein
Na Mein Barat Upaas Mein
Na Mein Kiriya Karm Mein Rehta
Nahin Jog Sanyas Mein
Nahin Pran Mein Nahin Pind Mein
Na Brahmand Akas Mein
Na Mein Prakuti Prawar Gufa Mein
Nahin Swasan Ki Swans Mein
Khoji Hoye Turat Mil Jaoon
Ik Pal Ki Talas Mein
Kahet Kabir Suno Bhai Sadho
Mein To Hun Viswas Mein

English Translation:

Where do you search me?
I am with you
Not in pilgrimage, nor in icons
Neither in solitudes
Not in temples, nor in mosques
Neither in Kaba nor in Kailash
I am with you O man
I am with you
Not in prayers, nor in meditation
Neither in fasting
Not in yogic exercises
Neither in renunciation
Neither in the vital force nor in the body
Not even in the ethereal space
Neither in the womb of Nature
Not in the breath of the breath
Seek earnestly and discover
In but a moment of search
Says Kabir, Listen with care
Where your faith is, I am there.

Kabir



There’s A Moon Inside My Body

THE moon shines in my body, but my blind eyes cannot see it:
The moon is within me, and so is the sun.
The unstruck drum of Eternity is sounded within me; but my deaf ears cannot hear it.

So long as man clamours for the I and the Mine, his works are as naught:
When all love of the I and the Mine is dead, then the work of the Lord is done.
For work has no other aim than the getting of knowledge:
When that comes, then work is put away.

The flower blooms for the fruit: when the fruit comes, the flower withers.
The musk is in the deer, but it seeks it not within itself: it wanders in quest of grass.

Kabir



The Last Flight

Ud Jayega Huns Akela,
Jug Darshan Ka Mela
Jaise Paat Gire Taruvar Se,
Milna Bahut Duhela
Naa Jane Kidhar Girega,
Lageya Pawan Ka Rela
Jub Howe Umur Puri,
Jab Chute Ga Hukum Huzuri
Jum Ke Doot Bade Mazboot,
Jum Se Pada Jhamela
Das Kabir Har Ke Gun Gawe,
Wah Har Ko Paran Pawe
Guru Ki Karni Guru Jayega,
Chele Ki Karni Chela

English Translation

The Swan Will Fly Away All Alone,
Spectacle of the World Will Be a Mere Fair
As the Leaf Falls from the Tree
Is Difficult to Find
Who Knows Where it Will Fall
Once it is Struck with a Gust Of Wind
When Life Span is Complete
Then Listening to Orders, Following Others, Will Be Over
The Messengers of Yama are Very Strong
It’s an Entanglement with the Yama
Servant Kabir Praises the Attributes of the Lord
He Finds the Lord Soon
Guru Will Go According to His Doings
The Disciple According to His

Kabir